၁၁ ၊ မတ်လ ၊ ၂၀၂၂။
မတ်လ ၁၀ရက်နေ့က ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်ထဲမှာ ဘန်ကောက်ကိုသွားတဲ့ ဘက်စ်ကားတစီးပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြပါတယ်။
အဝေးပြေးလမ်းမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့က ကြာသာပတေးနေ့ မနက် ၄နာရီလောက်မှာ အဲဒီကားကို တားပြီး စစ်ဆေးချိန် အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရှာပေးမယ်ဆိုတဲ့ ပွဲစားတဦးကို မြန်မာနိုင်ငံမှာကတည်းက တယောက် ဘတ် ၂၆,၀၀၀ ကနေ ၂၈,၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါရိုက်ဘာကလည်း ဒီခရီးသည်တွေကို Sing Buri ကနေ ဘန်ကောက်ကိုပို့ပေးဖို့ အငှားလိုက်လာတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘက်စ်ကားတွေကို ဘယ်သူငှားသလဲဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။