PHOTO-ဆောPDF
မကွေးတိုင်း၊ ဆောမြို့နယ်ကနေ ကျောက်ထုဘက်ထွက်ခွာလာတဲ့အကြမ်းဖက်တပ် တိုက်ခိုက်ခံရပြီး ၁၅ ဦးနဲ့အထက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၅၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို ဆော PDF နဲ့ မဟာမိတ်တွေက မတ်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးနဲ့ အထက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆော PDF က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
‘PDF တွေအားလုံး ဘေးကင်းတယ်လို့ သိရတယ်။ တိုက်ပွဲကအပြန် ကြိုဆိုတဲ့ပြည်သူတွေထဲမှာ ဝမ်းသာလွန်းလို့ မျက်ရည်ကျသူတွေတောင် ရှိတယ်။ နွေဦးတော်လှန်ရေးအောင်ပွဲခံတဲ့နေ့ဆို ဘယ်လောက်ထိ ပျော်ကြမလဲမသိ ဘူး’ လို့ ကျောက်ထုမြို့နယ်ခွဲက တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ဒေသခံတွေက “PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ အောင်သပြေနဲ့ ကြိုဆိုခဲ့ကြပြီး ထမင်း၊ ဟင်း၊ မုန့်တို့နဲ့ ဧည့်ခံကျွေးမွေးကြကြောင်း သိရပါတယ်။
တိုက်ပွဲရဲ့အသက်ဟာ တိကျသေချာတဲ့ သတင်းရင်းမြစ်က လာတာမို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို အထူးစောင့်ကြည့် သတင်းပေးကြဖို့ လည်း ဆောPDF က အထူးမေတ္တာရပ်ခံ ထားပါတယ်။