ဗန်းမော် သစ်ထုတ်လုပ်ရေးရုံးရှေ့ မိုင်းတပ်ဆင်ဖောက်ခွဲ

အကြမ်းဖက်ရဲတွေ စစ်ဆေးရေးလုပ်နေတဲ့ ဗန်းမော်သစ်ထုတ်လုပ်ရေးရုံးရှေ့မှာ မိုင်းတပ်ဆင်ဖောက်ခွဲခဲ့တယ် လို့သိရပါတယ်။
၂၀၂၂ ခုနှစ် ၊ မတ်လ (၈) ရက် ည‌ ၈ နာရီ ၅ မိနစ်လောက်မှာ ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF က ပြည်သူတွေ စိတ်အနှောက်ယှက်ဖြစ်စေဖို့ တစ်ရက်ခြား (၁) ကြိမ် အကြမ်းဖက်ရဲတွေ စစ်ဆေးနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့‌မှာ မိုင်းတပ်ဆင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း BPDF က ထုတ်ပြန်ပါတယ်။
BPDF အနေနဲ့ ဗန်းမော်မြို့က အကြမ်းဖက်စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို အ‌သေးစိတ်သတင်းအချက်အလက် စုဆောင်းပြီးပြီလို့လည်း ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အစစ်ဆေးရှိတဲ့ နေရာတွေကို ရှောင်ကွင်းသွားလာဖို့၊ အကြမ်းဖက်စစ်တပ်နဲ့ရဲ ကင်းပုန်း၀ပ်တဲ့ နေရာတွေကို ရှောင်ကွင်းသွားလာဖို့၊ကိုယ်နဲ့မသက်ဆိုင်တဲ့ အထုပ်တွေကို ကိုင်တွယ်လေ့လာခြင်းမပြုဖို့၊ အကြမ်းဖက် စစ်အုပ်စုဝင်တွေ နေထိုင်တဲ့ ‌နေအိမ်အဆောက်အအုံအနီး သွားလာခြင်းမပြုဖို့၊ အကြမ်းဖက်စစ်အုပ်စုနဲ့ နီးကပ်စွာရှိနေခြင်းကို အသက်အန္တရာယ်ရှိနေတယ်လို့ သိရှိထားဖို့ BPDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။