NUG အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးကာလ ဆဌမတစ်လတာ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဝင် ၂၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ မတ်လ ၆ နေ့အထိ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဝင် ၂၀၉၅ ဦးသေဆုံးခဲ့ပြီး ၆၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေပြင်အခြေအနေမှာ အကြမ်းဖက်စစ်အုပ်စုဝင် သေဆုံးနဲ့ဒဏ်ရာရရှိမှုဟာ အခုဖော်ပြထားတဲ့ အချက်အလက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
အရေးပေါ် အခြေအနေ ကြေညာပြီးနောက်မှာ ပြည်သူဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်လာတဲ့ CDM စစ်သားနဲ့ရဲ နေ့စဉ်များပြားလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။