ကယားပြည်နယ် (ကရင်နီ) အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လွိုင်ကော်-မိုးဗြဲလမ်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ KNDF/B-02 က အရေးပေါ် သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၉ ရက်နေ့ မနက် ၆ နာရီခန့်မှာ လင်ဖုံလေးလမ်းခွဲမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KA၊ KNDF၊ PDF တို့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက သေဆုံးသူတွေရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။