ပဲခူးတိုင်း ပေါင်းတည်မြို့ သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာအနီးကနေ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ပေါင်းတည်PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၈ရက်နေ့ မနက် ၉နာရီခွဲလောက်မှာ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PDF တပ်ခွဲ ၁ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဖက် ကျဆုံးသူတွေရှိနိုင်ပေမဲ့ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။