ကနီမြို့နယ်အတွင်း သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကနီမြိုနဲ့ မဲဒင်ကျေးရွာအကြား ရေကြောင်းမှာ သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KLG PDF(Kani)နဲ့ ဒေသခံမဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF(Kani)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မတ်လ ၅ရက်နေ့ ညလည် ၂နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ၃ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်သူမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။