မိုးညှင်းတက္ကသိုလ်ထဲက အကြမ်းဖက်တပ်တိုက်ခိုက်ခံရ၊ဗိုလ်အဆင့်အပါအဝင်၁၂ဦးသေ

PHOTO- KPDF-Namma
ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်မှာစခန်းချတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ဗိုလ် အဆင့်တစ်ဦးအပါအဝင် ၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်၃နာရီလောက်မှာ နန်းမားPDF ကသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်တွေအထိအ ခိုက်မရှိ ဘူးလို့ နန်းမားPDF ကထုတ်ပြန်ပါတယ်။
မတ်လ၇ရက်နေ့မနက်၇နာရီလောက်က မိုးညှင်းမြို့နယ် နန်းမားနဲ့ ညောင်ကုန်းကြားမှာ နန်းမားPDF အပါအဝင် ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာပူးပေါင်းတပ်ဘက်က ၇ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က စစ်ကားတစ်စီးမီးလောင်ပျက်စီးကာ အကြမ်းဖက်စစ်သား၂၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။
အခုမိုးညှင်းတက္ကသိုလ်တိုက်ပွဲဟာ ကျဆုံးရဲဘော်၇ဦးအတွက် သွေးကြွေးပြန်ယူတာလို့ နန်းမားPDFက ဆိုပါ တယ်။