“မတရားမှုက တံခါးဝရောက်ပြီ၊ ဒို့ပြည်သူတွေ ရုန်းထကြလော့” စာတန်းကိုင်ဆောင် သပိတ်ချီတက်

Credit – GSCB
ဒီနေ့မတ်လ ၈ ရက် ထား၀ယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း” မတရားမှုက တံခါးဝရောက်ပြီ၊ ဒို့ပြည်သူတွေ ရုန်းထကြလော့” စာတန်းကိုင်ဆောင် သပိတ်ချီတက်ခဲ့ကြတာပါ။
ပြည်သူလူထုတစ်ရပ်လုံး နေ့စဥ်နဲ့အမျှ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖိနှိပ်ချုပ်ခြယ်တာတွေ ခံနေရတာ ကုန်စျေးနှုန်း၊ လောင်စာဆီစျေးနှုန်း၊ အင်တာနက် အသုံးပြုခတွေ အဆမတန် မြင့်မားလာတာတွေကအစ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေအဆုံး လူထုအပေါ် ရည်ရွက်ချက်ရှိရှိ​ တစ်နေ့တခြား ဖိနှိပ်လာတာတွေကို ဆန်ကျင်ကြဖို့နှိုးဆော်ထားပါတယ်။