အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေ ကို ICC တရားရုံကို လွှဲပြောင်းတရားစွဲနိုင်ဖို့ ကုလသမဂ္ဂကကို အရပ်ဘက်အဖွဲ့ အစည်း ၁၁၆ ခုက တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံတွင်း ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ICC တရားရုံးကို လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ပေးဖို့ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၁၆ ဖွဲ့က ယမန်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု ကျူးလွန်တဲ့ ယုတ်မာရက်စက်တဲ့ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂက အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည်ထောင်ပြီး မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ပေးဖို့ မြန်မာ့အရေး အခြေအနေတွေကို ICC တရားရုံးကိုပို့နိုင်ရေး အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးဖို့ အကြံပြုတိုက်တွန်းမှုတွေ ပါဝင်ကြောင်း သိရပါတယ်။