ကျောက်တန်း လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆေးရုံရောက်အကြမ်းဖက်စစ်အုပ်စုဝင် တစ်ဦး ထပ်သေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ နယ် လျှပ်စစ်ရုံးရှေ့ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ အကြမ်းဖက် စစ်အုပ်စုဝင် နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ချေဂွေဗားရား ပြောက်ကျားတပ်ဖွဲ့-ကျောက်တန်း (CRF) က ထုတ်ပြန်ပါတယ်။
ကျောက်တန်းမြို့ လျှပ်စစ်မီတာရုံးကို မတ်လ ၅ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thongwa Youth Force-T.Y.F) နဲ့ ချေဂွေဗားရား ပျောက်ကျားတပ်ဖွဲ့- ကျောက်တန်း (C.R.F) တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က နေရာမှာတင် ပွဲချင်းပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကနဦး ထုတ်ပြန်ခဲ့ပါတယ်။
ထပ်မံရရှိခဲ့တဲ့ သတင်းတွေအရ အဲဒီ တိုက်ခိုက်မှုမှာ စစ်အုပ်စုဝင် သုံးဦးထိခဲ့ပြီး ပွဲချင်းပြီးသေဆုံးသူ တစ်ဦးအပြင် ဆေးရုံရောက်နေသူ နှစ်ဦးအနက် တစ်ဦး ထပ်မံသေဆုံးခဲ့​ပြီး ကျန်တစ်ဦးမှာလည်း အခြေအနေမကောင်းတာကြောင့် သေဆုံးနိုင်ဖွယ်ရှိနေကြောင်း၊ မီတာငွေသွင်းကောင်တာလည်း လုံး၀ပျက်စီးသွားပြီး အတွင်းရှိ Lap Top နှစ်လုံးပါပျက်စီးသွားခဲ့ကြောင်း CRF က ယမန်နေ့ညက ထပ်မံထုတ်ပြန်ပါတယ်။
‘ပြောက်ကျားတွေ ဖောက်ခွဲတဲ့အချိန်က လျှပ်စစ်ရုံးကို ဝန်ထမ်းတွေရော ပြည်သူတွေ မလာသေးတဲ့ မနက်ပိုင်းမှ ာခွဲတာဆိုတော့ ထိတာက စစ်ခွေးတွေထိတာ’ လို့ ကျောက်တန်း ရေလယ်ဘုရားအနီးနေ ပြည်သူတစ်ဦးကပြောပါတယ်။
အဲဒီဖောက်ခွဲမှုကို အဝေးထိန်းကွန်ထရိုးဗုံးနဲ့ ဖောက်ခွဲခဲ့တာလို့သုံးခွ TYF တာဝန်ရှိသူက ပြောပါတယ်။