ဩစတေးလျဒုံးလက်နက်တွေ ယူကရိန်းရောက်ပြီ

ယူကရိန်းနိုင်ငံကို ပေးပို့လိုက်တဲ့ ဒုံးလက်နက်တွေ ရောက်ရှိသွားပြီးဖြစ်ကြောင်း ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး စကော့တ်မောရစ်ဆင်က မတ်လ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ယူကရိန်းကို ဒုံးလက်နက်၊ ခဲယမ်းမီးကျောက်နဲ့ စစ်သုံးပစ္စည်း ဒေါ်လာ သန်း ၅၀ တန်ဖိုးခဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မောရစ်ဆင်က ရုရှားနဲ့ တရုတ်တို့ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း မဟာဗျူဟာပေါ်မှာ အခြေခံပေါင်းဖက်မိကြတာ မဟုတ်ဘဲ အကျိုးစီးပွားအရ ပေါင်းသင်းနေကြတာလို့ ဝေဖန်လိုက်ပါတယ်။
ဒီလို အာဏာထိန်းချုပ်ရေးဝါဒီတွေ အချင်းချင်းစုမိတာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စုဖွဲ့မှုထက် ကမ္ဘာ့အခင်းအကျင်းသစ်တစ်ခုဖြစ်ဖို့ ပိုများတယ်လို့ ဆိုပါတယ်။ တရုတ်ဟာ ရုရှားရဲ့ ယူကရိန်းနိုင်ငံ ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဒဏ်ခတ်ပိတ်ဆို့နေချိန်မှာ ရုရှားက ဂျုံဝယ်ယူမှုကို မြင့်တင်လိုက်တဲ့အပေါ်လည်း မောရစ်ဆင်က ဝေဖန်ခဲ့ပါတယ်။