ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား၂ဦး အရှင်ဖမ်းမိ

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူများပြီး တပ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ မတ်လ ၆ရက်နေ့ မနက်ပိုင်းက စပြီး ကျောက်ဆည်ကန်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီးမော့ဆိုPDF၊ လွိုင်ကော်PDF၊ ဖယ်ခုံPDF၊ ကရင်နီတပ်မတော် KA၊ KNDFနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဒီးမော့ဆိုမြို့ကို စစ်ကြောင်းကြီး ၃ကြောင်းခွဲပြီး အရံစစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
ဓာတ်ပုံ-အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်