မန္တလေးတိုင်း မိတ္ထီလာမြို့ မြတ်နိုးသူ တိုးဂိတ်မှာရှိတဲ့ အိမ်သာတစ်ခုအတွင်းမှာ အစောင့်ကျ ရဲတပ်သားတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ မြတ်နိုးသူ တိုးဂိတ်မှာ တာဝန်ကျနေတဲ့ အမှတ် (၁) ရဲစခန်းမှ ရဲတပ်သား ပြည့်စုံဖြိုးဟာ တိုးဂိတ်အိမ်သာအတွင်း ကိုယ့်ကိုကိုယ် မေးစေ့ကို သေနတ်နဲ့တေ့ပစ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကိုယ်ကိုကိုယ်သတ်သေရတာနဲ့ ပက်သက်ပြီးတော့ ဘာကြောင့် သတ်သေရတယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။