အမေရိကန်မှာ လေဆင်နှာမောင်းတိုက်လို့ လူ ၆ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ၊ အိုင်အိုဝါပြည်နယ်အလယ်ပိုင်းမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မတ်လ ၅ ရက်နေ့က လူခြောက်ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လေဆင်နှာမောင်းကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အပြင် သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေလည်း ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ လူကြီးတွေပါဝင်ပြီး နောက်ထပ် လေးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လူမှုမီဒီယာပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေမှာ သစ်ပင်တွေ ၊ အိမ်ခေါင်မိုးတွေနဲ့ ကားတွေ ပျက်စီးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း ၁သောင်းလောက်မှာလည်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။