သန်လျင်မှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်တိုင်း ၊ သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးမောင်ဖုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၆ရက်နေ့ မနက် ၆နာရီခွဲလောက်မှာ ဦးမောင်ဖုန်းကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ဦးမောင်ဖုန်းဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာ စစ်အုပ်စုကို သတင်းပေးပို့တာတွေ လုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်-သန်လျင်တံတားကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။