ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း မတ်လ ၅ ရက်နေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၅ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲရွာနဲ့ ဒေါနော်ကူးရွာအကြားမှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်တပ်ကို ဒီးမော့ဆို PDF နဲ့ KGZ တပ်တို့ပူးပေါင်းပြီး ခုခံတိုက်ပွဲဆင်နွှဲခဲ့သလို ဘုရားငုတ်တိုရွာ၊ကျောက်ဆည်ကန်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို ဒီးမော့ဆို PDF၊ ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ခုခံတိုက်ပွဲဆင်နွှဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-local PDF) က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ဒီးမော့ဆို PDF ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရရခဲ့ပြီး CTU နည်းပညာလက်ရုံးတပ်ရဲ့ ဒရုန်းတစ်စင်း အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ပျက်စီးခဲ့ပါတယ်။အထိနာခဲ့တဲ့ အကြမ်းဖက်တပ်ဟာ မတ်လ ၅ ရက်နေ့ ညပိုင်းမှာ တာဝေးပစ်အမြောက်တွေနဲ့ ပြည်သူတွေရှိရာကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။