ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ(၇) ကျောင်းလမ်းနဲ့ ပွင့်သစ်စလမ်းကြားမှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၅ရက်နေ့ မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်၁၂လုံး မီးလောင်ကျွမ်းခဲ့ကာ လူဦးရေ ၇၀ကျော် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။
“မီးပျက်တဲ့အချိန် ဟင်းချက်ထားတဲ့ ဒယ်နီအိုးက မီးခလုပ်ကို မပိတ်မိတာကနေ မီးလဲပြန်လာရော အပူလွန်ကဲပြီး ထလောင်တာလို့ မီးသတ်ကပြောတယ်၊ အခုတော့ ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁၇စုရှိနေတယ် အကူညီတွေလိုအပ်နေတယ်”လို့ ဒေသခံ လူမှုရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။