ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုထောင်ထားတဲ့ မိုင်းတစ်ခုကို နင်းမိပြီး သင်းအုပ်ဆရာတစ်ဦး ခြေထောက်ပြတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၅ရက်နေ့ ညနေနေပိုင်းမှာ ရမ်ထလိုကျေးရွာ Baptist Churchမှ သင်းအုပ်ဆရာဖြစ်သူ ဆရာအောင်ရွှေဟာ တောင်ယာသွားစဉ်မှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေမျက်စိနားထိ ထိခိုက်ခဲ့ရတာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အများပြည်သူတွေ သွားလာနေတဲ့ နေရာတွေမှာလည်း မိုင်းတွေတပ်ဆင်ထားလေ့ရှိပြီး စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအချို့ရှိ လယ်ယာမြေတွေအတွင်းမှာလည်း စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေ နင်းမိုင်းတွေ လိုက်လံတပ်ဆင်ထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။