ခင်ဦးမြို့နယ် ဒန်းကုန်းကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ကနေ ခင်ဦးမြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ ရွာသစ်ကုန်းကျေးရွာက စစ်ကြောင်းတစ်ခုနဲ့ ပူးပေါင်းပြီး ဒန်းကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၅ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ မြင်းဒေါင်း-ညောင်ပင်ကြီးစု မူးမြောင်းကို ဖောင်နဲ့ဖြတ်ကူးပြီး အရှေ့ဘက် မြကန်ကျေးရွာဘက်ကနေ တောင်ကြောတစ်လျှောက် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း အင်တာနက်တွေဖြတ်တောက်ထားကာ အင်အားအများပြားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။
ဒန်းကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သက်သေဓာတ်ပုံတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ရယူထားနိုင်ပေမဲ့ အင်တာနက်အခက်အခဲကြောင့် ပေးပို့ဖော်ပြနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ာက် စစ်ကြောင်းထိုးကာ ဒါန်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့ မြေပြင် သတင်းပေးပို့ချက်တွေအရ သိရပါတယ်။
မွန်းလွဲ ၂နာရီ၄၅မိနစ်ခန့်မှာ ဒန်းကုန်းကျေးရွာတစ်ခုလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ၅နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်နက်ကြီးထိမှန်ထားတယ်လို့ သိရပါတယ်။