မကွေးတိုင်း မြို့သစ်မြို့ ရွှေပန်းကျေးရွာအုပ်စု မြောက်မီးကုန်းကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်ကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကရှင်းလင်းခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်ကို ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးသိန်းဟန်ဟာ မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ စစ်အုပ်စုကို သတင်းပေးတာအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတည်နေရာတွေကို လိုက်လံပြသတာတွေ လုပ်ဆောင်ခဲ့သူလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆိုပါတယ်။
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းကာ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။