ဘိုကလေးမြို့ လူစည်ကားရာနေရာတွေမှာ စာတန်းချိတ်ဆွဲဆန္ဒပြ

ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့တော်ခန်းမရှေ့နဲ့ ဘိုကလေးတံတားပေါ်မှာ မြို့ခံလူငယ်အချို့က အကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၅ နာရီခန့်မှာ မြို့တော်ခန်းမရှေ့မှာ “ငါတို့မြို့ရဲ့သမိုင်း ဘယ်တော့မှမရိုင်း ဘိုကလေးငြိမ်မနေဘူးဟေ့” ဆိုတဲ့ ဘန်နာတစ်ခုနဲ့ ဘိုကလေးတံတားပေါ်မှာ “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” ဆိုတဲ့ ဘန်နာတစ်ခုကို ချိတ်ဆွဲ ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ဆေးရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဟာ လူမဲ့ဆန္ဒဖော်ထုတ်တာတွေနဲ့ ပြောက်ကျားစစ်ဆင်ရေးတွေကိုသာ လုပ်ဆောင်နေခဲ့ရပါတယ်။