ပါကစ္စတန် ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၅၀ ကျော်သေဆုံး

Photo – AP
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှဝါမြို့မှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြှး ဘယ်စစ်သွေးကြွအဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။ ဒါပေမယ့် အိုင်အစ်စစ်သွေးကြွအဖွဲ့နဲ့ အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့တို့ဟာ အရင်က အလားတူတိုက်ခိုက်မှုတွေကို အာဖဂန်နစ္စတန်နယ်စပ်အနီးမှာ ပြုလုပ်ခဲ့ကြဖူးပါတယ်။
ပက်ရှဝါ မြို့ရဲ့ Lady Reading ဆေးရုံပြောရေးဆိုခွင့်ရှိသူ Asim Khan ရဲ့ ပြောကြားချက်အရ ဒဏ်ရာရရှိသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဗလီအပြင်ဘက်မှာ လက်နက်ကိုင်တိုက်ခိုက်သူတစ်ယောက်က ရဲတွေကို ပစ်ခတ်ရာကနေ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ပြီး ရဲတဦးသေဆုံးက နောက်ထပ်ရဲတဦး ဒဏ်ရာရာခဲ့တယ်လို့ Peshawar ရဲချုပ် Muhammed Ejaz Khan က ပြောပါတယ်။
အဲဒီနောက် တိုက်ခိုက်သူဟာ ဗလီအတွင်းကို ပြေးဝင်ပြီး အသေခံဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။