အမြန်လမ်း အနောက်ဘက် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက်သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊အမြန်လမ်း အနောက်ဘက် ၈ မိုင်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက်သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။
မတ် ၄ ရက်နေ့၊ တောင်ငူမြို့အနောက်ဘက် နတ်ရေတွင်းကျေးရွာအနီးရှိ ရကိုင်းချောင်းရိုးတစ်လျှောက် အင်အား ၈၀ လောက် နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၁ က အသင့်စောင့်ဆိုင်းကာ ရှေ့ထွက်မိုင်း ၄ လုံးနဲ့ ဦးစွာဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ Bago Region PDF က ယမန်နေ့ညကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒဏ်ရာရသူတွေကို သယ်ဆောင်သွားပေမဲ့ သေဆုံးစစ်သားအလောင်းတွေကို ဒီအတိုင်းထားခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။