NUGဝန်ကြီးတွေအပါအဝင် တော်လှန်ရေးအင်အားစုဝင် ၁၀ဦးကို စစ်အုပ်စုက နိုင်ငံသားအဖြစ်ကနေရပ်စဲ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ရဲ့ ဝန်ကြီးတွေအပါအဝင် တော်လှန်ရေးအင်အားစုဝင် ၁၀ဦး မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ဒီကနေက မတ်လ ၄ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
NUGဝန်ကြီးတွေဖြစ်တဲ့ ဦးရည်မွန် ၊ ဒေါက်တာဇော်ဝေစိုး ၊ ဦးလွင်ကိုလတ် ၊ ဒေါ်ဇင်မာအောင် ၊ ဦးအောင်မျိုးမင်း ၊ မအိသဉ္စာမောင် ၊ ဒေါက်တာဆာဆာတို့အပြင် ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်ရပ်စဲကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို မတရားအကြောင်းမဲ့ ဖမ်းဆီးတာ ချိတ်ပိတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။