မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈လမ်းနဲ့ ၇၈လမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရုံးနဲ့ CCTV ဆာဗာပုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ ညနေပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး Mandalay Ranger Forceနဲ့ မြို့ပြပြောက်ကျားမဟာမိတ်၃ဖွဲ့စုပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးရဲဘော်တွေကို ဒုက္ခပေးနေတဲ့ CCTVဖြစ်တာကြောင့် အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Mandalay Ranger Forceက ဆိုပါတယ်။
ပေါက်ကွဲမှုအပြီးမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်တဲ့ ရတနာပုံ(အောင်ပြည်စုံ) ခန်းမအတွင်းမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုက ဆဲဆိုရမ်းကားပြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။