ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေးတိုင်းနယ်စပ်မှာ ကျောက်ထုဒေသဘက်ကနေ စစ်ကြောင်းထိုးဝင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-Kanpetletတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၇ဦးသေဆုံးသွားတယ်လို့ CDF-Kanpetletက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၄ရက်နေ့ မွန်းလွဲ၁နာရီ၄၀မိနစ်ခန့်မှာ ကျောက်ထုဒေသဘက်ကနေ စစ်ကြောင်း ၃ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို CDF-Kanpetletက ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ CDF-Kanpetletက ထိခိုက်သူမရှိခဲ့ဘူးလို့ CDF-Kanpetletက ဆိုပါတယ်။တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် CDF-Kanpetlet အနေနဲ့ ဆက်လက်ခုခံတိုက်ပွဲဝင်နေရတယ်လို့ သိရပါတယ်။