မင်းအောင်လှိုင်ပြည်မြို့လာမယ်ဆိုတဲ့သတင်းအရ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲ ဆန္ဒပြ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြည်မြို့ကို လာမယ်ဆိုသောသတင်းကြောင့်မြို့လယ်ခေါင်နေရာတချို့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။
“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” “ပြည်သူတွေက လက်န က် မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ”စာသားပါ စာတန်းတွေကို ဒီနေ့မနက်ပိုင်းမှာ PUGN Team နဲ့ Shadow (Pyay Defence)အဖွဲ့တို့ ပူးပေါင်းပြီး ပြည်မြို့လည်ခေါင်က နေရာတချို့မှာ ချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း Pyay Underground News-PUGN က ထုတ်ပြန်ပါတယ်။
ပြည်တက္ကသိုလ်အနီးမှာနေထိုင်တဲ့တက်ကြွလှုပ်ရှားသူတစ်ဦးက ‘မင်းအောင်လှိုင်ဒီနေ့လာမယ်လို့ သတင်း တွေထွက်နေတာ ၂ရက်လောက်ရှိပါပြီ။တကယ်လာ၊မလာသေချာမသိပေမဲ့ ပြည်မြို့ပေါ်မှာ ပုံမှန်ထက်လုံခြုံ ရေး များနေတာတွေ့ရတယ်’လို့ ဆိုပါတယ်။
ဒီနေ့ကစပြီးနောက်၄ရက်အထိပြည်မြို့တွင်းရှိအမိုးအကာတွေနဲ့လမ်းဘေးဈေးဆိုင်တချို့ကိုဖျက်သိမ်းခိုင်းထားတယ်လို့သတင်းရရှိထားကြောင်းလည်း PUGN က ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်မြို့ကအကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့နေရာတွေမှာ အရင်ကထက် လုံခြုံရေးတင်းကြပ်နေပြီးဒီနေ့မှာ ပြည်ကနေ အောင်လံ ဘက်ကို အလုံပိတ်ထားတဲ့ စစ်ကားနဲ့ ရဲကားတွေဦးတည်သွားနေတာကိုလည်းတွေ့ရကြောင်း PUGN ကဆိုပါတယ်။