စစ်ကိုင်းတိုင်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၃ရက်နေ့ မနက်၈နာရီခန့်မှာ မှတ်တိုင်ကျေးရွာ တာဝါတိုင်အနီးကနေ မြို့လှမြို့ဘက်ကို အင်အား ၇၀ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို မြို့လှPDF၊ ကသာPDF၊ ကသာမြို့နယ် ပကဖတို့က ခုခံတိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကသာမြို့နယ် ကျေးတိုင်ကျေးရွာအနီးမှာ ကင်းပုန်းဝပ်ပြီး စခန်းချထားတယ်လို့ သိရပါတယ်။