ကျောက်ဆည်ခရိုင် ထွေအုပ်ရုံးမှာ ဗုံးပေါက်

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ စစ်အုပ်စုထောက်တိုင် ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးမှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၃ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်အဦး ထိခိုက်မှုရှိမရှိကိုတော့သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။