မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ၁၁၇ ကျန်စစ်သားလမ်းထောင့်မှာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ ၄နာရီခွဲခန့်မှာ ကား၊ဆိုင်ကယ်တွေကို တားဆီးပြီး ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို အမည်မသိအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းချမ်းအောင်နဲ့ ရဲတပ်သား ချစ်ကိုကိုတို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးပစ်တိုက်ခိုက်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။