မန္တလေးမြို့ အောင်သာယာအုပ်ချုပ်ရေးမှူးရုံး သေနတ်နဲ့ အပစ်ခံရ

Photo- MFP
မန္တလေး မြို့သစ်ပိုင်း အောင်သာယာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်နဲ့ ၆ ချက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀မိနစ်ခန့်မှာ မနော်ဟရီလမ်း(၁၁၀ လမ်း)၊ ၄၅ × ၄၆ကြားရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့ ၆ ချက် လာရောက်ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူနဲ့ အဆောက်အဦး ထိခိုက်မှု မရှိခဲ့ဘဲ ဘာ့ကြောင့် အခုလို လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။