ကျိုက်ထို ပြည်သူ့စျေးကို စစ်အုပ်စုက CCTV တွေ တပ်ဆင်နေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့စျေး (ရှမ်းစျေး) မှာ အကြမ်းဖက်စစ်အုပ်စုက CCTV တွေ ၁၀ လုံးထက်မနည်း တပ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စျေးရုံအတွင်း၊ စျေးလမ်းမအပြင်ဖက်အပြင် စျေးဆိုင်တွေကိုပါ အသေးစိတ်ကြည့်ရှု့လို့ ရနိုင်မယ့် နေရာတွေမှာ တပ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
“စျေးတင်မကဘူး မြို့ထဲမှာလဲ CCTV တွေ မနည်းဘူး၊ တော်လှန်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ လုပ်တာပိုဖြစ်နိုင်တယ်၊ CCTV ရှိတဲ့ နေရာတွေကို မြို့ကအကုန်လုံးစုပေါင်းပြီး နေရာတွေကို ဖော်ပြနိုင်ရင်တော့ ကောင်းမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။