တနင်္သာရီတိုင်း၊ ပုလောမြို့တွင် အကြမ်းဖက်စစ်ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒေသခံ ပုလော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံ ပုလော ကာကွယ်ရေးတပ်ဖွဲ့ (PRDF) တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆိုပါတယ်။
“ကားကို မိုင်းဆွဲလိုက်လို့ တိုက်ပွဲစဖြစ်တာ။ ဒီနေ့မနက်ကပဲ တိုက်ပွဲက နှစ်ကြိမ်ထိတွေ့ပြီးပြီ။ အခုလဲ ဖြစ်နေတုန်းပဲ။ ခနတော့ ငြိမ်နေတယ်” လို့ ဒေသခံ ပုလော ကာကွယ်ရေးတပ်ဖွဲ့ (PRDF) တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောပါတယ်။
အဲဒီတိုက်ပွဲက ဒီနေ့ မနက် ၆ နာရီက စတင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ယာဉ်တန်းကို ပုလော PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာက တိုက်ပွဲကို ပိုမိုတင်းမာစေခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးသူ အရေအတွက်များပြီး တနင်္သာရီတိုင်း၊ တိုင်းဗဟို ၁၂ ရဲ့ညွှန်ကြားချက်အရ အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက တိုက်ပွဲကို အင်အားဖြည့်ကာ စတင်ထိုးစစ်ဆင်နေကြတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။