ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သဲဖြူစစ်မှုထမ်းဟောင်းကျေးရွာထိပ်ရှိ ကင်းစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်မှာ YGN Urban Guerrilla Army (YUGA) က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ YUGA က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ YUGA ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။