မန္တလေးတိုင်း မြစ်သားမြို့နယ် သမဝါယမဦးစီးရုံးအတွင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး Non CDM ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်န့ မနက် ၁၁နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးရှိ Non CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြစ်သားမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်ဖြစ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်တွေကို စစ်အုပ်စုလက်အောက်ခံအဖြစ်ကနေ အမြန်ဆုံးနုတ်ထွက်ကြဖို့ မြစ်သားမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။