မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာနဲ့ ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ CDF Kanpetlet ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်မှ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ယာဉ်တန်းတစ်ခုကို CDF Kanpetletနဲ့ လောင်းရှည်PDFတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လမ်းဘေးနေအိမ်တဲ တစ်လုံးထဲ စုပြုံထည့်ကာ တဲအိမ်ကိုပါ မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်သူမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ ဆွဲလွဲကျင်းရွာနဲ့ မဆာတွီရွာမှာ ညအိပ်ရပ်နားနိုင်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို ဆက်လက်လိုက်နာပေးဖို့ သတင်းထုတ်ပြန်ထားပါတယ်။