ရန်ကုန်မှာ တစ်နေ့တည်း မီး ၈ကြိမ်လောင်

ရန်ကုန်မြို့မှာ မီးလောင်မှုတွေ တောက်လျှောက် ဖြစ်ပွားနေပြီး တစ်နေ့တည်း ၈ကြိမ် ထက်မနည်းလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် မှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေထဲမှာ ကိုင်းတော မီးလောင်မှု နှစ်ကြိမ်နဲ့ တောမီးလောင်ကျွမ်းမှု တစ်ကြိမ်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စက်မှုဇုန်တွေမှာ မီးလောင်မှုအဖြစ် လှိုင်သာယာစက်မှုဇုန် (၄)ရဲ့ မြဝတီမင်းကြီး လမ်းထဲက အထည်ချုပ် စက်မှုဇုန် မီးလောင်ကျွမ်းမှုကတော့ မနက် ၁၀နာရီဝန်းကျင်ကနေ ၁၁နာရီဝန်းကျင်ထိ လောင်ကျွမ်းခဲ့ပြီး level 3 အဆင့် မီးလောင်ကျွမ်းမှု အဖြစ် သတ်မှတ်ခဲ့တာကို တွေ့ရပါတယ်။
ဒီမီးလောင်ကျွမ်းမှုမှာ အထည်ချုပ်စက်ရုံတစ်ခုလုံး နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု များပြားနိုင်တယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့ မနက် ၉ နာရီ ၁၂ မိနစ်က ရန်တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ စက်ဝန်း(၃)လမ်း၊ Super One အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့် မီးလောင်မှု အဖြစ်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေ ၆နာရီ ၁၉အချိန်ခန့်က ရန်ကဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၂)၊ သုစိတ္တာလမ်းတွင် မီးလောင်မှုဖြစ်ပွားလျှက်ရှိနေပြီး လက်ရှိ ည ၈နာရီ ထိုးခါနီးထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ည၈နာရီ ၅မိနစ်ခန့်မှာလည်း အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်းမှာ ထပ်မံ မီးလောင်ကျွမ်းနေပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ် အသေးစိတ်ကို တော့ မသိရှိရသေးပါဘူး။
ရန်ကုန်မှာ မီးလောင်ကျွမ်းမှုတွေ ဖေဖော်ဝါရီလအတွင်း ခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ပြည်သူတွေ အနေနဲ့ မီးသတိပြုဖို့ အထူးလိုအပ်လျှက်ရှ်နေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။