ကာမိုင်းနဲ့ လဝါလမ်းဆုံမှာရှိတဲ့ စစ်အုပ်စု စစ်ဆေးရေးဂိတ် ပိတ်သိမ်း

ကချင်ပြည်နယ် ဖားကန့်သွားလမ်း ကားမိုင်းနဲ့ လဝါးလမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးဂိတ်ကို ပိတ်သိမ်းပြီး တပ်နောက်ဆုတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwaves မှာ ဖော်ပြထားပါတယ်။
ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ကာ ကာမိုင်းဂိတ်မှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်သားနဲ့ရဲတွေ မတွေ့ရတော့ဘူးလို့ သိရပါတယ်။
“အရင်က အဲ့ကာမိုင်းဂိတ်က အစစ်ဆေးအရမ်းကြမ်းတဲ့နေရာ ဟုတ်တယ်။ မနေ့တစ်နေ့က သူတို့မရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကာမိုင်းဂိတ်က စစ်အုပ်စုကို KIA က ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၅ ဦးသေဆုံးခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။