တစ်ပတ်အတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၄၀၀ ကျော်ရှိနေ

Photo – Thai News
ဖေဖော်၀ါရီလ နောက်ဆုံးပတ် တစ်ပတ်အတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းကို တရားမ၀င်၀င်ရောက်လာတဲ့ မြန်မာလုပ်သား ၄၄၄ ယောက်ကျော်ရှိနေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူကော်မတီ ဥကဠ ဦးမိုးကြိုးက ဆိုပါတယ်။
ရက်ပိုင်းအတွင်းမှာလဲ ထိုင်းနိုင်ငံ မဲဆောက်ကနေဘန်ကောက်ကိုသွားတဲ့လမ်းမှာ တရားမ၀င် မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံလိုက်ပြီး ခုစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကနယ်စပ်၀င်ပေါက်တွေဖြစ်တဲ့ ထိုင်းနဲ့ကရင်ပြည်နယ်နယ်စပ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေကနယ်စပ်၀င်ပေါက်တွေကနေ ၀င်ရောက်လာကြတာလို့ သူကဆက်ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်းခံရသူတွေ ကိုထိုင်းအစိုးရက တပတ်မှာ ၃ ရက် နေရပ်ကိုပြန်ပို့နေတာပါ။
တနေ့ကို လူဦးရေ ၂ဝဝ ဝန်းကျင်နဲ့ တပတ်ကို လူ ၆ဝဝလောက် ပြန်ပို့ပေးနေတယ်လို့ သိရပါတယ် ။