မြန်မာဘီယာ အပါအ၀င် စစ်တပ်ထုတ်ကုန်များအားလုံး အာဏာရှင် သက်ဆိုးရှည်စေတဲ့ ထောက်တိုင်များ ဖြစ်သလို မြန်မာဘီယာကို ဆက်လက်ရောင်းချနေသူ၊ ဝယ်ယူသောက်သုံးနေသူများကို ဖက်ဆစ်အားပေးများအဖြစ် ကြေညာထားပြီး မကြာသေးခင်ကလည်း အဆိုပါ စားသောက်ဆိုင်များ၊ စျေးဆိုင်များကို အရေးယူ သတိပေးခဲ့သည်။
Yangon Urban Guerrillas – YUG အနေနဲ့ မြန်မာဘီယာ ရောင်းချနေသည်ဟု သတင်းအခိုင်အမာရထားသော ဆိုင်များထံ သတိပေးစာများ ပို့ထားပြီး ဖြစ်ပါတယ်။
မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်များ ဆက်လက်ရောင်းချနေသော စားသောက်ဆိုင်များ၊ စတိုးဆိုင်များကို ပြည်သူများမှ တွေ့ရှိခဲ့လျှင် သတင်းပေးတိုင်ကြားပါရန် နှိုးဆော်အပ်ပါသည်။ အထောက်အထားနှင့်တကွ အောက်ပါတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။