ကနီမြို့မှာ စစ်အုပ်စုလက်အောက် ဝန်ထမ်းအများအပြား နုတ်ထွက်နေ

စစ်ကိုင်းတိုင်း ကနီမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုအယက်နုတ်ထွက်နေကြပြီး ကနီPDFကို နုတ်ထွက်ကြောင်းနဲ့ CDMလုပ်ဆောင်နေကြောင်း စာရင်းတွေ ပေးပို့နေကြတယ်လို့ ကနီPDFက သတင်းထုတ်ပြန်လိုက်ပါတယ်။
ကနီမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားကာ နုတ်ထွက်ကြဖို့ ကနီPDFက သတိပေးပြီးနောက်မှာ အခုလို နုတ်ထွက်နေကြတာပါ။
CDMလုပ်ဆောင်လိုသူ ဝန်ထမ်းတွေနဲ့ အပြီးတိုင်နုတ်ထွက်တဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကို ကနီPDFကို မနက်ဖြန် ညနေ ၄နာရီနောက်ဆုံးထားပြီး ပေးပို့ကြဖို့ကိုလည်း သတိပေးထားခဲ့ပါတယ်။
သတ်မှတ်ရက်အတွင်း နုတ်ထွက်မှုမရှိတဲ့ စစ်အုပ်စုထောက်တိုင်တွေကို ကနီPDFအနေနဲ့ စာရင်းနဲ့တကွ ကြေညာပြီး လူမှုရေးပြစ်ဒဏ်ပေးတာတွေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသခံမဟုတ်တဲ့ စစ်အုပ်စုထောက်တိုင် ဌာနဆိုင်ဝန်ထမ်းအချို့ဟာလည်း ကနီမြို့ကနေ ထွက်ခွာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။