ကန်ပက်လက်မြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုက ၂ ဦးသေ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မောချေင်းကျေးရွာနဲ့ မဆာတွီကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF Kanpetletတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF Kanpetletက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာ မဆာတွီကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်အုပ်စုကို CDF Kanpetletက ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲအပြီးမှာ CDF Kanpetletအနေနဲ့ ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကတော့ မဆာတွီကျေးရွာမှာ တပ်စခန်းချထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကျင်ဒွေးနဲ့ လောင်းရှည်လမ်းမကြီးကို အသုံးပြုပြီး သွားလာကြတာတွေ မလုပ်ဆောင်ဖို့ CDF Kanpetletက တိုက်တွန်းထားပါတယ်။