မိုးဗြဲမှာ ရိက္ခာပြန်ယူတဲ့ ပြည်သူတွေကို စစ်အုပ်စုက ပစ်ခတ်တာကြောင့် ၅ ဦးထက်မနည်း သေဆုံး

Photo- မိုးဗြဲ-PDF
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် နယ်စပ်ဒေသဖြစ်တဲ့ မိုးဗြဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက ရိက္ခာပြန်ယူတဲ့ ပြည်သူ ၅ ဦးထက်မနည်းကို ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုဟာ ၅၀ ခန့်နဲ့ မိုးဗြဲ လွယ်ယင်းမင်္ဂလာဘက်ကို စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကိုပါ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ ပြည်သူတွေဟာ ကျေးရွာတွေအတွင်း ခတ္တပြန်လည် ရိက္ခာသယ်ယူစဉ်မှာ စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်နေခဲ့တာပဲဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ဇုန်နယ်မြေတွေမှာ ဖြတ်သန်းသွားလာတာကို ရှောင်ကျဉ်ပေးဖို့နဲ့ စ်စရေးတင်းမာနေတဲ့ အချိန်မှာ ခရီးသွားလာခြင်းကို အထူးသတိထားဖို့လည်း မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။