ယူကရိန်းမှာ အင်တာနက် အသုံးပြုနိုင်ဖို့ အီလွန်မက်စ် စီစဉ်ပေး

အီလွန်မက်စ်က အင်္ဂါဂြိုဟ်ကို နယ်ကျော်နိုင်ဖို့ ကြိုးစားနေချိန်မှာ ရုရှားကတော့ ယူကရိန်းကို သိမ်းဖို့ကြိုးစားနေပြီ” လို့ ယူကရိန်း ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုဝန်ကြီးက တွစ်တာမှာ တင်ခဲ့တဲ့နောက် နည်းပညာလုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ ဘီလျံနာ အီလွန်မက်စ်က ယူကရိန်းမှာ အင်တာနက်အဆက်အသွယ်မပြတ်ဖို့အတွက် စတားလင့်ခ်အင်တာနက် စီစဉ်ပေးလိုက်ပြီလို့ တုံ့ပြန်ခဲ့ပါတယ်။
ဖေ‌ဖော်ဝါရီလ ၂၆ ရက်နေ့မှာ မက်စ်က “ယူကရိန်းမှာ စတားလင့်ခ် သုံးလို့ရပါပြီ။ နောက်ထပ် လိုင်းတွေဖွင့်ပေးနိုင်ဖို့လည်း ပြင်ဆင်ပေးနေပါတယ်” လို့ တွစ်တာမှာ တင်ခဲ့တာပါ။
စတားလင့်ခ်ဟာ ဂြိုဟ်တုအခြေခံ အင်တာနက်စနစ်ဖြစ်ပြီး အီလွန်မက်စ်ရဲ့ SpaceX ကနေ အခက်အခဲကြုံနေရတဲ့ နိုင်ငံတွေမှာ အင်တာနက်သုံးလို့ရအောင် နှစ်အတန်ကြာ ကြိုးပမ်းအ‌ကောင်အထည်ဖော်မှုတစ်ခု ဖြစ်ပါတယ်။