သပိတ်လှုပ်ရှားမှုတွေကို အကြမ်းဖက် စစ်အုပ်စုကအကြောက်တရားနဲ့ တောက်လျှောက်ဖြိုခွင်းနေ

Photo- YRF
အကြမ်းမဖက် သပိတ်လှုပ်ရှားမှုတွေကို အကြမ်းဖက်စစ်ကောင်စီက အကြောက်တရားနဲ့ တောက်လျှောက်ဖြိုခွင်းနေတယ်လို့ Yangon Revolution Force – YRF ရဲ့ Soft Strike Community က ဆိုပါတယ်။
အဖမ်းအဆီး အခက်အခဲတွေကြားကပဲ အကြမ်းမဖက်သပိတ်လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လူတိုင်းက တက်နိုင်တဲ့ဘက်က ပါ၀င်မှ ဒီတော်လှန်းရေးကြီး အောင်မြင်မှာပါလို့ သူကဆက်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြတာ ဘန်နာချိတ်တာနဲ့ကို သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်၊ စစ်ကြောရေး ခေါ်ဆောင်ပြီးရိုက်နှက် အသက်သေဆုံးသည်အထိ ပြုမူနေတာပါ။
လူငယ်တွေကတော့ တစ်နှစ်ကျော်ကြာတဲ့အထိ လမ်းပေါ်တွေမှာ ပြောက်ကျားဆန္ဒပြမှု တစ်ခုတည်းတင်မကဘဲ ဘန်နာချိတ်တာ လှုံ့ဆော်စာဝေတာ၊ ဟောပြောတာတွေကိုဆက်လက်လုပ်နေဆဲ ဖြစ်ပါတယ်။အကြမ်းဖက် စစ်အုပ်စုကတော့ အိမ်တွေထိ လိုက်လံဖမ်းဆီးပြီး မိသားစု၀င်တွေမိဘတွေကိုပါ ဖမ်းဆီးနေတာပါ။