ရေဦးမြို့ တိုင်းရင်းဆေးရုံးဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စု အတိုက်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ တိုင်းရင်းဆေးရုံးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဦး ပကဖက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရေဦး PDF ပူးပေါင်းပြီး ၄၀(မမ) ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်အပြီးမှာ စစ်အုပ်စုက ဆဲဆိုရမ်းကားကာ ပြန်လည် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ထိခိုက်သေဆုံးသူ ရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။