အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့

Photo – DoD
အမေရိကန်နဲ့ နေတိုးတို့က ယူကရိန်းနိုင်ငံကို လုံခြုံရေးအကူအညီတွေ ဆက်လက်ထောက်ပံ့ပေးနေတာကြောင့် ရုရှားနိုင်ငံရဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေကို ခုခံရာမှာ ရုရှားမျှော်မှန်းထားတာထက် ပိုမိုအားကောင်းနေတယ်လို့ အကြီးတန်း ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
လေယာဉ်တွေ အပါအဝင် ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဆက်လက်လည်ပတ်နေပြီး ရုရုားလေယာဉ်တွေ ဝင်ရောက်လာတာကို ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဒီမနက်အထိတော့ ရုရှားစစ်တပ်က ဘယ်မြို့တွေကိုမှ သိမ်းပိုက်ထားတယ်ဆိုတဲ့ အရိပ်အယောင်မရှိသလို ရုရှားက လေကြောင်း သာလွန်မှု မအောင်မြင်သေးဘူးလို့ ကျနော်တို့ ယုံကြည်နေတုန်းပဲ” လို့ အဲဒီအရာရှိက ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းရဲ့ ရှေ့တန်းခံတပ်တွေကို ထောက်ပံ့ဖို့ လက်နက်ငယ်တွေ ခဲယမ်းမီးကျောက်တွေ ကိုယ်ထည်ချပ်ဝတ်တန်ဆာတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဒေါ်လာ သန်း ၃၅၀ စစ်ရေးအကူအညီပေးဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။