အင်္ဂလိပ်ရေလက်ကြားမှာ ခုတ်မောင်းလာတဲ့ ရုရှားကုန်တင်သင်္ဘော တားမြစ်ခံရ

အင်္ဂလိပ်ရေလက်ကြားမှာ ခုတ်မောင်းလာတဲ့ ရုရှားကုန်တင်သင်္ဘောတစီးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ပြင်သစ်အာဏာပိုင်တွေက တားမြစ်သိမ်းဆည်းလိုက်ပါတယ်။
‘Baltic Leader’လို့ အမည်ရတဲ့ သင်္ဘောတစီးကို အင်္ဂလိပ်ရေလက်ကြားမှာ ကြားဖြတ်တားဆီးခဲ့တယ်လို့ ပြင်သစ်ရေတပ် အာဏာပိုင်တွေက ပြောပါတယ်။
မော်တော်ကားတွေ တင်ဆောင်လာတဲ့ အဲဒီသင်္ဘော ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့ကို သွားမျာဖြစ်ပြီး အလျား ၁၂၇ မီတာရှိတယ်လို့ သိရပါတယ်။
ပြင်သစ်ဆိုင်ရာ ရုရှားသံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက်ပေးဖို့ ပြင်သစ်အာဏာပိုင်တွေကို အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
ရုရှားအပေါ် အီးယူရဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ ကုမ္ပဏီတခုနဲ့ ပတ်သတ်တာတွေ ပါဝင်တယ်လို့ သံသယရှိတာကြောင့် အခုလိုတားဆီးတာဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ပြင်သစ်နယ်စပ်တပ်ဖွဲ့တွေက စစ်ဆေးနေပြီး သင်္ဘောဝန်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။