ဖားကန့်မှာ စစ်အုပ်စုက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်

Photo – EPA
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာ စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်မှာ KIA တပ်မဟာ (၂) တပ်ရင်း ၁၄ နယ်မြေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
“စခန်းတော့ ထိမသွားဘူးလို့ သိရပါတယ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာပါ၊ တိုက်ပွဲတွေက နေ့စဉ်ဖြစ်နေတာ ဒီနေ့လဲ မိုးလင်းထဲက ပစ်ခတ်နေကြတယ်” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA၊ PDF တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။